။ ပညာအားလုံးတတ်ကြပါစေ ။

။ ငယ်ငယ်က အကြောင်းကို ပြန်ပြောရင် မယုံနိုင်စရာပါပဲ။ တတ်နိုင်ဘူးလေ။ သိချင်တဲ့သူတွေကမေးတော့ မိမိအကြောင်းကို ပြောပြရတာပါပဲ။ မိမိအကြောင်းကို ပေးမသိရဲတဲ့သူတွေက အုပ်လို့ဖုံးလို့ပေါ့။ ကိုင်း… ကိုရင့်ဖိုးသူလေးအကြောင်းကို ပြောပြလိုက်ပါပြီ။ ။ ကိုရင့်လေးမဖြစ်ခင် အတန်းကျောင်းမှာပညာသင်ယူခဲ့စဉ်က ”သူ” အဆုံးနာမယ်ရတဲ့ကျောင်းသားကျောင်းသူတွေအထဲက ကျော်သူ၊ နန်းအေးသူ၊ ဖိုးသူဆိုပြီးတော့ သူသုံးသူအမည်ရကြတဲ့သူ အထဲက ”ဖိုးသူ” ဆိုတဲ့နာမယ်ဟာ ငယ်ငယ်က နာမယ်ပါပဲ။ ဒီနာမယ်ကို အဘိုးက မှည့်ပေးတာပါ။ ကျောင်းနေနာမယ်က ”ကိုသူ” ပါ။ ။ ကျောင်သားငယ်ဘဝက နာမယ်နဲ့လူနဲ့လိုက်ပါတယ်။ တစ်ကျောင်းလုံးနာမယ်ကြီးလို့ ကိုသူဆိုတဲ့နာမယ်ကို ဘယ်သူမှမခေါ်ကြဘဲ ဖိုးသူဆိုတဲ့နာမယ်ကိုပဲခေါ်ကြတယ်။ ကျောင်းနေတဲ့အချိန်က အသက်အလွန်ငယ်ပါသေးတယ်။ မိဘတွေက ကျောင်းပျော်အဖြစ်ထားရာကနေ ကျောင်းတက်မြဲတာကြောင့် ကျောင်းပညာရေးကို အလွန်စိတ်ဝင်စားတယ်။ အရွယ်နဲ့မလိုက်အောင် ကျောင်းပညာကို စိတ်ဝင်စားလွန်းလို့ အသက်အငယ်ဆုံးကျောင်းသားထဲက အတန်းပိုင်ဆရာကြီးတွေက အသားပေးအားပေးခဲ့ပေါ့။ … Continue reading ။ ပညာအားလုံးတတ်ကြပါစေ ။